ဒေ၀ါနံ ပိယော ပိယဒသိ ရာဇာ သ၀တြ
ဣဆတိ သဝေ ပါသံဍာ ၀သေယုံတိ၊ သဝေ ဟိတေ သံယဓံ စ ဘ၀သုဓိံ စ ဣဆံတိ၊ ဇနော စ ဥစာ’၀စ-ရာဂေါ၊
တေ သဝံ ၀ါ ကရိသံတိ, ဧကဒေသံ ၀ါ ပိ ကသံတိ, ၀ိပုလေ ပိ စ ဒါနေ၊ ယသ နထိ သံယမော, ဘ၀သုဓိ,
ကတံ ဉ တာ, ဒါဠ ဘတိတာ ၀ါ နိစာ ဗာဠံ။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စ၀ံသ)
1. Devānaṃ piyo piyadaṃsi raja sarveta
ichati save pāsaṇḍā vaseyu [.] save te sayamaṃ ca
2. bhāvesu dhamma ichati [.] jano
tu ucāvacāchadā ucāvacārāgaṃ [.] te sarvā vā kāsaniti ekadesaṃ vā kaṃsati [.]
3.
Vipule tupi dāne yasa nāsti sayam bhāva sudhitā vā katāññatā diḍhabhāvitā ca
nicā baḍhaṃ [.] (Edicts of King Aśoka:
A New Vision – Meena Talim)
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့
ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော
အသောက မင်းတြားမြတ်သည် မိမိနိုင်ငံတော် အရပ်ရပ် ထက်ဝန်းကျင်၌ ကိုယ်တော့်
အယူဘာသာနှင့် မတူ ထူးခြားများပြား ထူးထွေသော အယူရှိသူတို့ကိုပင် မိမိ၏့
တိုင်းနိုင်ငံတော် ထက်ဝန်းကျင်၌ နေထိုင်ရန် လိုလားနှစ်သက်တော်မူ၏၊
ထိုသို့လိုလားတော်မူကြောင်းကား, ထိုအယူရှိသူ အာလုံးတို့သည်ပင် မကောင်းမှုကို
မပြုရန် စောင့်စည်းခြင်းကို၎င်း, ဘ၀၏
စင်ကြယ်ရေးကို၎င်း လိုလားနှစ်သက်ကြကုန်၏၊ စင်စစ်ဆိုသော်ကား, ဤကပ္ပါလောကကြီး၌
လူတို့မည်သည် အလိုဆန္ဒ နိမ့်မြင့် အစားစားရှိ၍့ နိမ့်မြင့်ယုတ်မြတ် တသ်မက်ခြင်းလည်း
အမျိုးမျိုး ရှိ၏၊ ထို့ကြောင့် ထိုထို အယူရှိကုန်သူတို့သည် ကုသိုလ်ရေးဆိုင်ရာ,
ဘ၀စင်ကြယ်ကြောင်းကိစ္စ အားလုံးကိုဖြစ်စေ, အချို့အ၀က်ကိုဖြစ်စေ,
မြောက်မြားပြန့်စည်သော လှူဒါန်းရေးတို့ကို ဖြစ်စေ
ပြုလုပ်လုံးပမ်းကြကုန်လိမ့်သတည်း၊ ကိုယ်နှုတ်စောင့်စည်းခြင်း, ဘဝစင်ကြယ်ရန်
လိုလားခြင်းမျှ မရှိသူအား ပြုစုထောက်ပံ့သောသူ၏ ကျေးဇူးကို သိတတ်ခြင်း, မြဲးမြံစွာ
ကိုးစားဆည်းကပ်ခြင်းမည်သည် မဖြစ်နိုင်ရာသောကြောင့် များစွာ နိမ့်ယုတ်
အောက်ကျလေတော့ရာ၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စ၀ံသ)
ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော
အယူဝါဒကွဲ ဂိုဏ်းသားတို့သည် (သင့်တင့်ညီညွတ်စွာ) နေခြင်းငှာ နတ်တို့
ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး အလိုရှိတော်မူ၏။
လူတို့သည် အလိုဆန္ဒတို့၌ဖြစ်စေ
ကြိုက်နှစ်သက်ခြင်းတို့၌ဖြစ်စေ အနိမ့်အမြင့်အားဖြင့် ကွဲပြားကြစေကာ
ကိုနှုတ်နှစ်လုံး စောင့်စည်းခြင်းနှင့် စိတ်သဘောဖြူစင်ခြင်းကို စင်စစ်
အလိုရှိကြသည်ချည်းဖြစ်၏။ ထိုတရားတို့အား အကုန်အစင်သော်၎င်း တစိတ် တဒေသမျှသော်၎င်း
ကျင့်ဆောင် ကုန်ရာသည်။
ခမ်းနားသော အလှူကြီးကို
မပေးနိုင်စေကာ ကိုနှုတ်နှလုံး စောင့်စည်းခြင်း၊ စိတ်သဘောဖြူစင်ခြင်း၊
ကျေးဇူးသိတတ်ခြင်း၊ စွဲမြဲစွာ ကြည်ညိုခြင်းတို့၌ မပြတ် ထက်သန် ကုန်ရာသည်။ (အသောကကျောက်စာများ
- ဦးဖိုးလတ်)
ဒေ၀ါနံ ပိယ ပိယဒသီမင်းသည်
ဂိုဏ်းဂဏအားလုံး ညီညွတ်စွာ နေရန်အလိုရှိ၏။ အကြောင်းကား လူအားလုံးသည်
စောင့်စည်းခြင်း, သဘောဖြူစင်ခြင်းတို့ကို လိုလားကြ၏။ လူတို့သည် အလိုဆန္ဒနှင့်
နှစ်သက်ခြင်း၊ အနိမ့်အမြင့်ကွဲပြားသော်လည်း အနည်းအများ ကျင့်ဆောင်ကြ၏။ အကြီးအကျယ်
မပေးလှူနိုင်သော်လည်း စောင့်စည်းခြင်း, သဘောဖြူစင်ခြင်း, ကျေးဇူးသိတတ်ခြင်း,
မပြတ်ကိုးကွယ်ခြင်းတို့၌ စင်စစ် စွဲမြဲကြ၏။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန
ဗုဒ္ဓဓမ္မနိုင်ငံတော် - ဦးသော်ဇင်)
‘His Sacred and Gracious Majesty
the King desires that in all places men of every denomination (or “sect ")
may abide, for they all desire mastery over their senses and purity of mind.
Man, however, is various in his wishes and various in his passions. They (sciL
the denominations) will perform either the whole or only a part of the
commandments. Even for a person to whom lavish liberality is impossible,
mastery over the senses, purity of mind, gratitude, and steady devotion are
altogether indispensable.' (Asoka, the Buddhist Emperor of India - V.
A. Smith)
His Sacred and Gracious Majesty
desires that in all places should reside people of diverse sects. For they all
desire restraint of passions and purity of heart. But men are of various
inclinations and of various passions. They may thus perform the whole or a part
(of their duties). But of him whose liberality is, too, not great, restraint of
passion, inner purity, gratitude and constancy of devotion should be
indispensable and commendable. (Asoka - R.K. Mookerji)
The Beloved of the Gods, the king
Piyadassi, wishes that all sects may dwell in all places, for all seek
self-control and purity of mind. But men have varying desires and varying
passions. They will either practice all that is required or else only a part.
But even he who is generous, yet has no self-control, purity of mind,
gratitude, and firm faith, is regarded as mean. (Asoka and the decline of the
Mauryas - Romila Thapar)
King Priyadarsi, the Beloved of the Gods, desires
that all religious orders may live at all places; for they all desire
self-restraint and mental purity. Men, however, are of various likings and
passions. They perform thus either a whole or a part (of their duties). If one
even does not practice lavish liberality; self-control, purity of heart, sense
of gratitude and firm devotion are invariably (person in him). (Inscriptions
of Asoka - N. P. Rastogi)
1. King Deānaṃppiya Piyadassi
desires that all sects may reside everywhere.
2. Let them lead a restrainful
life and cultivate good Dhamma. People have high ang rousing desires and high
and rousing passions. They wish that all their desires be fulfilled; however, some
desire less.
3.
Let them obtain immensely but one who does not have self-restrain, purity, gratitude
and firm resolution of mind, it is exceedingly mean. (Edicts of King Aśoka: A New Vision –
Meena Talim)