Wednesday, 28 May 2014

Major Rock Edict of Asoka (4)


၁။ အတိကံတံ အံတလံ ဗဟုနိ ၀သသတာနိံ ၀ဓိတေ၀ါ ပါနာလံဘေ ၀ိဟိသာ စာ ဘုတာနံ နာတိနံ အသံပတိပတိ သမန ဗံဘနာနံ အသံပဋိပတိ။ သေ အဇာ ဒေ၀ါနံ ပိယသာ ပိယဒသိနေ လာဇိနေ ဓံမစလနေနာ ဘေလိဃောသော အဟော ဓံမဃောသော ၀ိမနဒသနာ။
၂။ ဟထိနိ အဂိကံဓာနိ အံနာနိ စာ ဒိဝျာနိ လုပါနိ ဒသယိတု ဇနသ။ အာဒိသော ဗဟုဟိ ၀သသတေဟိ နာ ဟုတပုလုဝေ တာဒိသေ အဇာ ၀ဎိတေ ဒေ၀ါနံ ပိယသာ ပိယဒသိနေ လာဇိနေ ဓံမနုသာထိယေ အနာလံဘေ ပါနာနံ အ၀ိဟိသာ ဘုတာနံ နာတိသု။
၃။ သံပဋိပတိ ဗံဘနသမနာနံ သံပဋိပတိ မာတာ ပိတိသု သုသုသာ။ ဧသေ စာ အံနေ စာ ဗဟုဝိဓေ ဓံမစလနေ ၀ဓိတေ။ ၀ဓိယိသတိ စေ၀ါ ဒေ၀ါနံ ပိယေ ပိယဒသိလာဇေ ဣမံ ဓံမစလနံ။ ပုတ စ ကံ နတာလေ စာ ပနာတိကျာ စာ ဒေ၀ါနံ ပိယသာ ပိယဒသိနေ လာဇိနေ။
၎။ ပ၀ဎယိသံတိ စေ၀ ဓံမစလနံ ဣမံ အာဝကပံ ဓံမသိ သီလသိ စာ စိဌိတု ဓံမံ အနုသာသိသံတိ။ ဧသေဟိသေဌေ ကံမံ အံ ဓံမာနုသာသနံ။ ဓံမံစလနေပိ စာ နော ဟောတိ အသိလသာ။ သေ ဣမသာ အထသာ ၀ဓိ အဟိနိ စာ သာဓု။ ဧတာယေ အထာယေ ဣယံ လိခိတေ။
၅။ ဣမသာ အထသာ ၀ဓိ ယုဇံတု ဟိနိ စာ မာ အလောစယိသု။ ဒုဝါဍသ၀သာဘိသိတေနာ ဒေ၀ါနံ ပိယေနာ ပိယဒသိနာ လာဇိနာ လေခိတာ။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

1. Atikatā aṃtaraṃ bahūni vasssatāni vaḍhito eva pāṇārabho vihisā ca bhūtānaṃ ñātisu
2. asaṃpraṭipati brāhmaṇsasamanānaṃ asaṃpraṭipati [.] aja Devānaṃ Priyadasino rāño
3. Dhammacaraṇena bherighoso aho dhamahoso vimānādasaṇā ca hastidasaṇā ca
4. agikhandhāni ca añāni ca divyāni rupāniṃ dasayitvā janaṃ [.] Yārise bahuhi vāsasatehi
5. na bhūtapuve tārise aja vaḍhite Devānaṃ Priyasa Priyadasino rāño dhamānusasṭiyā anāraṃ-
6. bho prāṇanaṃ avihiṃsa bhūtāna ñātinaṃ saṃpaṭipati brāhmaṇasamanaṇāṃ saṃpaṭipati [.] mātari pitari
7. susrusā thairsusrusā [.] esā aññe bahuvidhe dhama caraṇe vaḍhayisati [.] ceva Devānaṃ Priyo
8. Priyadasi raja dhamacarāṇā ida ca putra ca potrā ca prapotrā ca Devānaṃ priyasa Priyadasino rāño
9. … dhayisati, idaṃ dhamacarāṇaṃ āva savaṭākapa dhammamhi silamhi tiṭhato dham anusāsisā [.]
10. esā hi seto kame ya dhammānusāsana [.] Dhamacaraṇe na bhavati asilasa [.] dhamamhi athamhi
11. … ca ahini ca sādhu [.] etāya athāya idaṃ likhāpitā imasa athasa vadhi yujatu hini ca
12. no locatavya [.] dādasavasābhisitenaṃ Devānaṃ Priyena Priyadasina rāja idaṃ likhapitā (Edicts of King Aśoka: A New Vision – Meena Talim)

ရာပေါင်းများစွာသော နှစ်တို့ ပတ်လုံး သေးငယ်သော သတ္တ၀ါတို့ကို သတ်ဖြတ်ခြင်း, ကြီးမားသော သတ္တ၀ါတို့ကို ညှင်းဆဲခြင်း, ဆွေမျိုး-ဥာတိတို့၌ ၀တ်တရား ကြေလည်အောင် မကျင့်ဆောင်ခြင်း, ရဟန်း-ပုဏ္ဏား-သူတော် သူမြတ်တို့ အပေါ်၌ တရားနည်းကျ မကျင့်ဆောင်ခြင်း- ဤမကောင်းမှု တရားအားလုံး တိုးပွားပြန့်စည်လျက်သာ အသက်အပိုင်းအခြားကာလကို ကုန်လွန်-ပြုန်းတီးခဲ့လေပြီ၊ ထို့ကြောင့် ယနေ့ယခုအခါ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် ကိုယ်တော်တိုင် တရားတော်ကို ကျင့်ဆောင်လိုက်နာခြင်းဖြင့် တရားစည်ကြီး ရိုက်တီး ကြွေးကျော်လိုက်သည်, တရားတော်ဟူသောကြွေးကျော်သံသည် အော်…အဖန်ဖန် ၀မ်းမြောက်စဖွယ် ဖြစ်စွာ့တကား။
ဤလောက၌ ထိုထို ရှုမခန်းသော ဘုံနန်း-ဗိမာန် အထွေထွေကို ကြည့်ရှု-ရွှင်ပျရခြင်း,တန်းဆာ အတင့်-အတယ် ဆင်ယဉ်ထားသော ဆင်ယာဉ်-မြင်းယာဉ်စသည်ကို ကြည့်ရှုချမ်းမြေ့ရခြင်း, အတင့်အတယ် ထွန်းညှိရှို့မြှိက်သော မီးပန်း, မီးပိတုန်း, မီးပန်းခိုင်, မီးစု မီးတောက်ကို ကြည့်ရှု နစ်သက်ရခြင်း (ဤသို့ စသည်ဖြင့်) ဤမှတပါး များစွာကုန်သော ရွှင်ပျ ပျော်မွေ့ဖွယ် ၀တ္ထုအာရုံတို့ကို  ကြည့်ရှုကြ၍့ (အချိန်အခါ ကုန်ဆုံးကြသော) လူအပေါင်းတို့အား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ တရားအဆုံးအမ စာတော်ဖြင့် ရာပေါင်းများစွာသော ကာလပတ်လုံး ရံခါ တဆစ် မဖြစ်ပေါ်ဖူးသော တရားတော်ကို ကျင့်ဆောင်ခြင်း အခွင့်ကြီးမှာ ယခုအခါ တိုးတက် ပြန့်ပွားဆဲး ရှိလေသည်။
သတ္တ၀ါတို့ကို မသတ်ဖြတ်ခြင်း, ထင်ရှားဖြစ်သော သတ္တ၀ါတို့ကို မညှင်းဆဲး, မနှိပ်စက်ခြင်း, မိခင်-ဘခင် ကျေးဇူးရှင်တို စကားကို နားထောင် လိုက်နာခြင်း, အသက် ဂုဏ်အားဖြင့် ကြီးမြတ်သူတို့ အဆုံးအမကို လိုက်နာ ကျင့်ဆောင်ခြင်း-- ဤဆိုခဲ့ပြီး တရားကျင့်ဝတ်တို့ကို၎င်း, ဤမှတပါး မြောက်များစွာသော တရားကျင့်ဝတ်တို့ကို၎င်း, ဤသို့အားဖြင့် တရားကျင့်ဝတ်တို့ကို တိုးတက် ပွားစည်းအောင် ကျင့်ဆောင် လိုက်နာကြလျှင်, အနာရောဂါ ကင်း၍့ ကျန်းမာခြင်း, ဥစ္စာပစ္စည်း တိုးတက်ခြင်း စသည်ဖြင့် ကြီးပွားတိုးတက်ကြရလိမ့်သတည်း၊ ဤသည်ကား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ တရားကျင့်ဝတ်များ ဖြစ်၏။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ သားတော် အစဉ် မြေးတော် အဆက်, မြစ်တော် အညွန့်တို့သည်လည်း (ငါ မင်းတြား၏့) ဤတရားကျင့်ဝတ်များကို ကျင့်ဆောင် ဆင့်ပွားကြကုန်စေသတည်း၊ ဤငါ့၏့ တိုင်းပြည်အလုံးသည် ကပ္ပါအားလုံး အာယုကပ်ဆုံးသည်တိုင်အောင် တရားကျင့်ဆောင်၍့ သီလ၌လည်း တည်ကြစေကုန်စေသတည်း၊ ဤငါမင်းတြား၏့ တရားကျင့်ဝတ်တို့ကို ဆုံးမ ကန့်မြစ်ခြင်းသည် သာလျှင် ပစ္စုပ္ပန် တမလွန်၌ တိုးတက်ကြီးပွားကြောင်း ဖြစ်၍့ မြင့်မြတ်သော မင်းတို့ ကိစ္စဖြစ်သတည်း။
          (ဤလောက၌) အကျင့်သီလ မတည်ရှိသော သူအား တရားကျင့်ဝတ်မျှပင် မရှိနိုင်ချေ၊ ထိုသို့ဖြစ်ရကား ဤဆိုခဲ့ပြီး တရားတည်ထောင်ရေး ကိစ္စကြီး၌ တိုးတက်အားထုတ်, မဆုတ်မယုတ် မလျောပေါ့ခြင်းသည် ပစ္စုပ္ပါန် တမလွန်၌ တိုးတက်ကြီးပွားဖွယ်ဖြစ်၍့ ကောင်းမွန်လှလေသတည်း၊ ဤသို့သော တရားအကျင့်ဖြင့် ဤမျှသော တိုးပွားခွင့် အလို့ငှာသာလျှင် ဤတရားစာတော်ကို ရေးသားတည်ထားခဲ့သတည်း၊ ဤဆိုခဲ့သော စီးပွားမျှော်လင့် တရားကျင့်ရေး ကိစ္စကြီး၏့ ကြီးပွားတိုးတက်ရေးကိုသာ အားထုတ် ကြိုးပမ်းကြကုန်စေလေဿး၊ ထိုသို့မဟုတ် ဆုတ်ယုတ်ပျက်ပြားရန် မနစ်ခြိုက်ပဲး, ဖြစ်ကြကုန်စေလေဿး၊ အဘိသိက် သွန်းတော်မူ၍့ တဆဲ့နှစ်နှစ်မြောက်ရှိသောအခါ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် ဤတရားစာတော်ကို ရေးသား တည်ထားစေအပ်သတည်း။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စ၀ံသ)

လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ကာလတို့၌ သူ့အသက်ကို သတ်ခြင်း၊ သတ္တ၀ါတို့အား နှိပ်စက်ညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား မရိုသေ မလေးစားခြင်း၊ ရဟန်းပုဏ္ဏားတို့အား မဆီးကပ် မကိုးကွယ်ခြင်းတို့သည် တိုးတက်လျှက် လာခဲ့၏။ သို့ရာတွင် ယခုသော် နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ တရားကျင့်သုံး ဆောက်တည်ခြင်းကြောင့် တိုက်စည်သံအစား တရားသံကို ကြားရ၍ နတ်ဗိမာန်ပုံများ ဆင်များ မီးစိုင် မီးရှူးများနှင့် အခြားနတ်တို့၏ အဆင်းသဏ္ဌာန်များကို လူတို့ မြင်ကြရလေပြီ။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ တရားအဆုံးအမကြောင့် သူ့အသက်ကို မသတ်ခြင်း၊ သတ္တ၀ါတို့အား မနှိပ်စက် မညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား ရိုသေလေးစားခြင်း၊ ရဟန်းပုဏ္ဏားတို့အား ဆည်းကပ်ကိုးကွယ်ခြင်း၊ အမိအဖတို့အား ကျိုးနွံခြင်းတို့သည် ရှေးအနှစ်ရာပေါင်းများစွာတို့၌ မကြုံဘူးအောင် ယခု တိုးတက်ပြန့်ပွားလျှက် ရှိလေပြီ။
ဤနည်း အခြားနည်းတို့နှင့် တကွ များစွာသော နည်းတို့ဖြင့် တရားကျင့်သုံး ဆောက်တည်ခြင်းကို တိုးတက်ပြန့်ပွားစေခဲ့လေပြီ။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဤတရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍လည်း တိုးတက်ပြန့်ပွားစေလိမ့်ဦးအံ့။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ သားတော် မြေးတော် မြစ်တော်တို့သည်လည်း ထိုနည်းတူစွာ ကပ္ပါပတ်လုံး တရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍ တိုးတက်ပြန့်ပွားစေလိမ့်ဦးအံ့။ မိမိတို့ကိုတိုင် တရား၌၄င်း အကျင့်သီလ၌၄င်း မြဲစွာတည်လျက် တရားအဆုန်းအမကို ပေးကြကုန်လတံ့။ ဤသို့ တရားအဆုံးအမပေးခြင်းသည် အမွန်မြတ်ဆုံးသော အမှုစင်စစ်ဖြစ်၏။ အကျင့်သီလမဲ့သူတို့အဖို့ တရားကျင့်သုံးဆောက်တည်ခြင်း မဖြစ်နိုင်။ ထို့ကြောင့် တရားကျင့်သုံးဆောက်တည်ခြင်း၏ မဆုတ်မယုတ် ပွါးတိုးခြင်းသည် ကောင်း၏။
ဤအလို့ငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ တရားကျင့်သုံးဆောက်တည်ခြင်း၏ ဆုတ်ယုတ်ခြင်းကို မဖြစ်စေပဲ ပွါးတိုးခြင်းအလို့ငှာ အားထုတ်ကြကုန်လေါ့။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံသည်၏ တစ်ဆဲ့နှစ်နှစ်မြောက်၌ (ဤတရားကဗျည်းကို) ရေးထိုးစေ၏။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

လွန်လေပြီးသော နှစ်ပေါင်းများစွာက သတ္တ၀ါတို့ကို သတ်ဖြတ်ညှင်းပန်း နှိပ်စက်ခြင်း၊ ဆွေမျိုး, ဉာတကာ, ရဟန်း, ပုဏ္ဏားတို့အား မရိုသေ မကိုင်းရှိုင်းခြင်းတို့ တိုးပွားနေခဲ့ကြ၏။ သို့သော်လည်း ယနေ့ ဒေ၀ါနံပိယ ပိယဒသီမင်း၏ တရားအကျင့်ကြောင့် စည်သံသည် တရားစည်သံဖြစ်၍ လူများသည် ဗိမာန်, ဆင်, မီးတန်ဆောင်နှင့် အခြားတောက်ပသော အဆင်းတို့ကို တွေ့မြင်ကြရ၏။
သတ္တ၀ါတို့ကို မသတ်ဖြတ်, မညှင်းပန်းခြင်း၊ ဆွေမျိုး, ဉာတကာ, ရဟန်း, ပုဏ္ဏားတို့အား ရိုသေ ကိုင်းညွတ်ခြင်း, အမိအဖတို့ စကား နာယူခြင်း၊ ပညာရှိတို့အား မှီဝဲဆည်းကယ်ခြင်းတို့သည် ရှေးနှစ်ပေါင်းများစွာက မဖြစ်ခဲ့ဘူး၊ ယနေ့ ဒေ၀ါနံပိယ ပိယဒသီမင်း၏ တရားအဆုံးအမကြောင့် တိုးပွားနေ၏။ ဤမှတပါး အခြား အထူးထူး အပြားပြားသော တရားအကျင့်တို့လည်း ပြန့်ပွားနေ၏။
ဒေ၀ါနံပိယ ပိယဒသီမင်း၏ သား, မြေး, မြစ်တို့သည် ဤတရားအကျင့်ကို ကမ္ဘာပတ်လုံး မလှုပ်မရှား တိုးပွားစေကြရမည်။ တရားဓမ္မ, အကျင့်သီလ၌ တည်လျက် တရားသို့ အစဉ် လိုက်ပြီး  သွန်သင်ဆုံးမကြရမည်။ ဤတရားအဆုံးအမသည်သာ မွန်မြတ်သော အလုပ်ကိစ္စ စင်စစ်ဖြစ်၏။ သီလမရှိသူအား အဘယ်မှာ တရားကျင့်ခြင်း ရှိမည်နည်း။ ထို့ကြောင့် ဤအကျိုးတရား၏ တိုးပွားခြင်း, မဆုတ်ယုတ်ခြင်းသည် ကောင်း၏။ ယင်းအကျိုးတရားအတွက် ဤစကားကို ရေးသားစေခြင်းဖြစ်၏။ ဤအကျိုးတရား၏ တိုးတက်ကြီးပွားခြင်း၌လည်း ယှဉ်ကြလော့။ ဆုတ်ယုတ်ပျက်စီးခြင်းကို မရှုကြလင့်။
ဒေ၀ါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၁၂နှစ်မြောက်၌ ဤစာကို ရေးသားစေခြင်းဖြစ်၏။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

For a long period past, for many hundreds of years, have increased the sacrificial slaughter of animals, cruelty towards living beings and improper treatment of relatives, of Brahmans and Sramanas. But today in consequence of the practice of morality by His Sacred and Gracious Majesty the King, the sound of war drum has become the call (not to arms but) to Dharma, exhibiting to the people the sight of the cars of the gods, of elephants, masses of fire and other heavenly shows.
As were not seen before for many hundreds years, so now have increased through the religious ordinances of His Sacred and Gracious Majesty the King cessation of slaughter of animals, non-violence towards living beings, proper treatment of relatives, of Brahmans and Sramanas, obedience to mother and father and to the seniors.
And the sons, grandsons, and great-grandsons, too of His Sacred and Gracious Majesty the King will increase this practice of morality up to the end of time (“the aeon of universal destruction”) and will preach the Dharma, themselves abiding in Dharma and righteous conduct. For this is the highest work, viz., preaching the Dharma.
The practice of morality, too, is not of one devoid of virtue. The increase of this work, nay, even its non-diminution is laudable. For this purpose has this been inscribed that they (i.e., Asoka’s successors) may apply themselves to the promotion of this object, and that its decline should not be entertained.
By His Sacred and Gracious Majesty the King consecrated twelves years was this caused to be inscribed. (Asoka - R.K. Mookerji)

In the past, the killing and injuring of living beings, lack of respect towards relatives, brahmans and sramanas had increased. But today, thanks to the practice of Dhamma on the part of the Beloved of the Gods, the king Piyadassi, the sound of war drum has become the sound of Dhamma, showing the people displays of heavenly chariots, elephants, balls of fire, and other divine forms. Thorough his instruction in Dhamma abstention from killing and non-injury to living beings, deference to relatives, brahmas and sramanas, obedience to mother and father, and obedience to elders have all increased as never before for many centuries. These and many other forms of the practice of Dhamma have increased and will increase.
The Beloved of the Gods, the king Piyadassi, his sons, his grandsons and his great grandsons will advance the practice of Dhamma, until the end of the world and will instruct in the law, standing firm in Dhamma. For this, the instruction in the law, is the most valuable activity. But there is no practice of Dhamma without goodness, and in these matters it is good to progress and not to fall back. For this purpose, the inscription has been engraved—that men should make progress in this matter, and not be satisfied with their shortcomings. This was engraved here when the Beloved of the Gods, the king Piyadassi, had been consecrated twelve years. (Asoka and the decline of the Mauryas- Romila Thapar)

For a long time, for many hundreds of years, have increased the immolation of animals, violence of living beings and disrespect towards relatives, Brahmanas and Sramanas. But now in consequence of the practice of Dharma by King Priyadarsi, the Beloved of the Gods, the echo of war drums has been converted into the call of Dharma after (his) displaying before public the divine sight of the chariots of the Gods, of elephants, masses of fire and other divine shows.
As has not happened ever before for many hundreds of years—now have increased through the religious instruction of King Priyadarsi, the Beloved of the Gods, non-violence towards animals, protection of living beings, respect of relations, Brahamanas and Sramanas, hearkening to mother, father and elderly people. This and other practices of Dharma have increased, and, King Priyadarsi, the Beloved of the Gods, will do the best for the furtherance of the religious practices.
And the sons, grandsons and great grandsons of King Priyadarsi, the Beloved of the Gods, will increase the religious practices till the end of Samvarta kalpa and  will propagate the Dharma, themselves obeying Dharma and morality. For obedience of Dharma is a work of higher order and practice of Dharma is difficult to be achieved by one who is devoid of morality. The progress of this obedience of Dharma and not its diminution is praiseworthy. With this intention has this been inscribed so that people may put forth their effort in promoting it and should not allow it to decline.
By King Priyadarsi, the Beloved of the Gods, was this caused to be inscribed when he was consecrated twelve years. (Inscriptions of Asoka - N. P. Rastogi)

1-2. In times past, for many hundred of years, there had been increase in the acts of killing animals, hurting living beings and no looking after relatives, Brāhmaṇas and Sramaṇas.
3-4. Today, Devānaṃppiya Piyadassi has sounded the drum proclamation that let all beings practice Dhamma. This proclamation was done by exhibiting arial (mansion) chariots, exhibiting elephants, a great mass of fire and such other divine forms.
5. Such has not been exhibited in the past, for many hundred years, but today it has been promoted.
6. King Devānaṃppiya Piyadassi gives instructions according to Dhamma, namely, abstain from killing animals, hurting living beings and to look after your relatives, Brāhmaṇas and Sramaṇas, obedience to mother and father and obedience to the elders.
7. Thus, today in many other ways the Dhamma will be practiced and will be increased. King Devānaṃppiya Piyadassi has recommended this practice of Dhamma.
8. The sons, grandsons and great-grandsons of Devānaṃppiya Piyadassi will increase this practice of Dhamma and Sīla (morality) will remain on this earth and will be practiced.
9. That act (Kamma) is the best act, which follows the instructions of Dhamma (in this world). Practice of Dhamma will not make one devoid of morals.
10-11. Therefore, it is good that practice of Dhamma should be increased and should not be neglected (decreased). For this purpose this scripture has been written. Let the meaning be increased and negligence will not be approved.
12. King Devānaṃppiya Piyadassi has caused this to be written in the twelfth year of his coronation. (Edicts of King Aśoka: A New Vision – Meena Talim)

Saturday, 24 May 2014

Major Rock Edict of Asoka (3)


၁။ ဒေ၀ါနံ ပိယေ ပိယဒသိ လာဇာ ဟေ၀ံ အာဟာ။
၂။ ဒုဝါဍသ-၀သာဘိတေန မေ ဣယံ အာနပယိတေ၊ သ၀တာ ၀ိဇိတသိ မမ ယုတာ လဇုကေ ပါဒေသိကေ စ ပံစသု ပံစသု ၀သေသု အနုသယာနံ နိခမိတု၊ ဧတာယေ၀ါ အထာယေ ဣမာယေ ဓံမနုသတိယာ ယထာ အံနာယေ ပိ ကံမာ ယေ။ သာဓု။
၃။ မာတာပိတိသု သုသုသာ မိတာသံထုတ-နာတိကျာနံ စာ ဗံဘန-သမနာနံ စာ သာဓု၊ အပ၀ိယာတာ အပဘံဍတာ သာဓု။ ပလိသာပိ စ ယုတာနိ ဂနနသိ အနပယိသန္တိ ဟေတုဝတာ စာ ၀ိယံ ဇနတေ စ။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

1. Devānaṃpiyo Piyadasi evaṃ āha [.] dvādasa-vasābhisitena mayā idaṃ aṇāptaṃ [.]
2. Sarvata vijite mama Yutā cha Rājuke cha Pradesike cha paṃchasu paṃchasu vasesu anusaṃ-
3. yānam niyātu etāyeva imāya dhammānusastiya yathā añā-
4. Ya pi kammāya [.] sadhu mātari cha pitari cha susrusā mitra samsturañātinaṃ Bamhaṇa-
5. Samanaṇām sadhu dānam prāñānaṃ sādhu anāraṃbho apavyayatā apabhāḍatā sadhu [.]
6.Parisā pi yute āñpayisati gaṇānāyaṃ hetu to cha vyaṇjanata cha [.] (Edicts of King Aśoka: A New Vision – Meena Talim)

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး မိန့်ပြန်တော်မူသည်။ ငါဘုရင် မင်းတြားသည် အဘိသိက် သွန်း၍ တဆဲ့နှစ်နှစ် အခါ ဤတရားစာတော်ကို ထုတ်ပြန်တော်မူအပ်သည်၊ တိုင်းနိုင်ငံတော် အလုံး၌၄င်း, ငါမင်းတြားနှင့် ဆက်စပ်သည့် လက်အောက် ဘုရင်ခံတို့ အုပ်စိုးရာ ၀န်ထမ်းနိုင်ငံတော် အလုံး၌၄င်း, ငါးနှစ် ငါးနှစ်လျှင် တကြိမ် တကြိမ်ကျ တရားတော်ကို နိုင်ငံတော်၌ ကျင့်ဆောင်လိုက်နာကြစေရန် တရားဓမ္မ ညွှန်ပြ ဟောပြောရေးအတွက်၎င်း, ထိုမှတပါးသော ပုညကြိယများအတွက်၎င်း, နယ်လှည့်ထွက်ကြစေကုန်၊ ဤတရားတော်ဆိုင်ရာ သြ၀ါဒနှင့် အလားတူပင် တရားတော်နှင့် ပတ်သက်ရာ အခြားအမှုများ၌လည်း ပြုကျင့်လိုက်နာကြစေကုန်၊ ၄င်းတို့ကား- အမိအဘတို့နှင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ, ဆွေမျိုး ဥာတိတို့၏ အဆုံးအမကို နားထောင်-လိုက်နာခြင်းသည် (ပစ္စုပ် တမလွန် ချမ်းသာကြောင်း) ကောင်းလှ၏၊ ရဟန်း-ပုဏ္ဏားတို့အား လှူဒါန်းခြင်းသည်လည်း (နတ်ရွာနိဗ္ဗာန် ရရောက်ကြောင်း) ကောင်းလှ၏၊ သတ္တ၀ါတို့ကို မညှင်းဆဲ၊ မသတ်ဖြတ်ခြင်းသည်လည်း (ဘေးရန် ဥပဒ် မကပ်ရကြောင်း) ကောင်းလှ၏၊ အကုန်အကျမများစေပဲး, ချွေတာသုံးစွဲခြင်း, အသုံးအဆောင်ပစ္စည်း-ပရိက္ခရာ နည်းပါးခြင်းသည်လည်း (ဤပစ္စက္ခ ကြောင့်ကြမရှိ ဧးမြကြောင်း) ကောင်းလှ၏၊ (ဤထုတ်ပြန်ချက် တရား-အမိန့်တော်ကို သိရှိကြားနာသူ) ပရိတ်သတ်များကလည်း မိမိတို့နှင့် ဆိုင်စပ်ရာ၌ အမိန့်ပြန်ကြားစေ၊ အသင်းအပင်း၌ စပ်ဆိုင်သူများလည်း ဆိုင်ရာအသင်းအစု၌ အကြောင်းချုပ်အားဖြင့်၎င်း, အကျယ်ဝေဖန်ခြင်းအားဖြင့်၎င်း အမိန့် ပြန်ဆိုကြစေ။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဤသို့ မိန့်တ်ေမူ၏။
ငါအဘိသိက်ခံသည်မှ တစ်ဆဲ့နှစ်နှစ်မြောက်၌ ဤအမိန့်တော်ကို ထုတ်ပြန်တော်မူ၏။
ငါ၏ နိုင်ငံတော် အလုံး၌၊ ယုတ ရာဇုက ပါဒေသိက ဟူသော (ရွှေမြို့တော်တိုင်းခရိုင်) အမတ်တို့သည်၊ ငါးနှစ် ငါးနှစ်မြောက်တိုင်း ဤဆိုလတံသော တရားအဆုန်းအမအလို့ငှာ၎င်း၊ အခြားအမှုကိစ္စတို့ အလို့ငှာ၎င်း၊ ခရီးထွက်ခွာ လှည့်လည်ကြကုန်ရာသည်။
အမိအဖတို့အား ကျိုးနွံခြင်းသည် ကောင်း၏။ မိတ်ဆွေ၊ အသိအကျွမ်း၊ ဆွေမျိုး၊ ရဟန်း ပုဏ္ဏားတို့အား ပေးကမ်း လှူဒါန်းခြင်းသည် ကောင်း၏။ သတ္တ၀ါတို့၏ အသက်ကို မသတ်ခြင်းသည် ကောင်း၏။ ချွေတာသုံးစွဲခြင်း၊ ပစ္စည်းဥစ္စာကို အသင့်အတင့်သာ စုဆောင်းခြင်းသည် ကောင်း၏။
လွှတ်တော်အဖွဲ့ကလည်း ယုတအမတ်များအား အက်ျိုးအကြောင်းနှင့်တကွ၊ (အမိန့်တော်) စာပါအတိုင်း မှတ်သား၊ နာခံကြရန်၊ အမိန့်ထုတ်ဆင့် ကြစေကုန်သတည်း။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ငါသည် အဘိသိက်ခံ၍ ၁၂မြောက်၌ ဤအမိန့်ကို ထုတ်ပြန်၏။ ငါ၏ နိုင်ငံ တ၀ှန်းလုံး၌  ယုတ, ရာဇုက, ပါဒေသိက အမတ်တို့သည် ငါးနှစ် ငါးနှစ်တစ်ကြိမ် အခြားကိစ္စကို စူးစမ်း စစ်ဆေးရန် ထွက်သကဲ့သို့ ဤတရားအဆုံးအမအတွက် ထွက်ကြရမည်။ အမိအဖတို့စကားကို နာယူခြင်းသည် ကောင်း၏။ အဆွေ, ခင်ပွန်း, အသိအကျွမ်း, ဆွေမျိုး, ဥာတကာ, ရဟန်းပုဏ္ဏားတို့အား ပေးကမ်းလှူဒါန်းခြင်းသည် ကောင်း၏။ သတ္တ၀ါတို့ အသက်ကို မသတ်ဖြတ်ခြင်းသည် ကောင်း၏။ ခြွေတာခြင်း, ပစ္စည်းဥစ္စာ အသင့်အတင့်သာ ရှိခြင်းသည် ကောင်း၏။
ပရိတ်သတ်ကလည်း ယုတအမတ်တို့အား အကြောင်းအကျိုးဖြင့် ဝေဖန်စစ်ဆေးရန် အမိန့်ပေးရမည်။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

His Sacred and Gracious Majesty thus said: By me consecrated twelve years was the following ordained: Everywhere within my dominions, the Yuktas, the Rajuka and the Pradesika must every five years, go out on tour by turns as well as for other business too as for this purpose, for this religious instruction: Commendable is the service of father and mother, commendable is liberality to friends, acquaintances, relatives, Brahmans and Sramanas, commendable is abstention from the slaughter of living creatures, commendable also is not to spend or hoard too much. The Council will also similarly instruct the Yuktas for purposes of accounts in accordance with my order and its ground. (Asoka - R.K. Mookerji)

Thus, speaks the Beloved of the Gods, the king Piyadassi: When I had been consecrated twelve years I commanded as follows: Everywhere in my empire, the yuktas [subordinate officers] with the rājūkas [rual administrators] and the prādesikas [heads of the districts], shall go on tour every five years, in order to instruct people in Dhamma as well as for other purposes. It is good to be obedient to one’s mother and father, friends and relative, to be generous to brahmans and sramaṇas, it is good not to kill living beings, it is good not only to spend little, but to own the minimum of property. The council will instruct the officials to record the above making it both manifest to the public and explaining why. (Aśoka and the decline of the Mauryas – Romila Thapar)

Thus says King Priyadarsi, the Beloved of the Gods:- This was ordered by me when I was consecrated twelve years: Everywhere in my Empire, the Yuktas, the Rajukas and the Pradesikas should go out on tour every five years as for this business as for other purpose too, for the instruction in Dhamma.
“Desirable is hearkening to mother and father, desirable is liberality to friends, acquaintances, relatives, Brahmanas and Sramanas: desirable is the abstention from the immolation of animals; desirable is also small expense and small accumulation.” Likewise the assembly will also order the Yuktas for purpose of accounts according to my order and its ground. (Inscriptions of Asoka - N. P. Rastogi)

1. King Devānaṃppiya Piyadassi speaks thus: In the twelfth year after my coronation, I am proclaiming this order.
2. Everywhere in (my dominion) the land which I have conquered let the Yuttās, Padesikās and Rajukās set out in tour, every five years.
3. This has been done for the purpose of instructing (people) in Dhamma and performing other business.
4. Meritorious is an obedience to mother and father, be good to friends, acquaintances, and relatives, charity to Brāhmaṇas and Sramaṇas.
5. Meritorious is to abstain from killing animals; to be moderate in expenditure and posessions (goods).
6. The council Mahāhattās shall order Yuttās (to count) to register (these rules) according to cause and according to the letter. (Edicts of King Aśoka: A New Vision – Meena Talim)

Wednesday, 21 May 2014

Major Rock Edict of Asoka (2)


၁။ သ၀တ ၀ိဇိတသိ ဒေ၀ါနံ ပိယသာ ပိယ ဒသိသာ လာဇိနေ ယေ စ အံတာ အထာ စောဍာ ပံဍိယာ သာတိယပုတော ကေလလ ပုတော တံဗပံနိ။
၂။ အံတိယောဂေ နာမ ယောနလာဇာ ယေ စာ အံနေ တသာ အံတိယောဂသာ သာမံတာ လာဇာနော သ၀တာ ဒေ၀ါနံ ပိယသာ ပိယဒသိသာ လာဇိနေ ဒုဝေ စိကိသကာ ကဋာ မနုသစိကိသာ စာ ပသုစိကိသာ စာ။ သြသဓာနိ မနုသောပဂါနိ စာ ပသောပဂါနိ စ အတတာ နထိ။
၃။ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ ဧ၀မေ၀ါ မုလာနိ စာ ဖလာနိ စာ အတတာ နထိ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ မဂေသု လုခါနိ လောပိတာနိ ဥဒုပါနာနိ စာ ခါနာပိတာနိ ပဋိဘောဂါယေ ပသုမုနိသာနံ။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

1. Sarvata vijitamhi Devānaṃpriyasa rāñā
2. evamapi prachaṃtsu yathā Choḍā Pāḍā Satiyaputo Ketalputo ā Taṃba
3. paṇṇi Aṃtiyako Yonarājā ye vā pi Aṃtiyakasa sāmīpam
4. rājāno sarvatra Devānaṃpriyasa Priyadasino rāño dve Chikichhā kata
5. manusa chikichhā cha pusu-chikichhā cha [.] Osuḍgāni cha yāni manusopagāni cha
6. Pasopagāni cha yata yata nāsti Sarvatra hārāpitāni cha ropāpitāni cha [.]
7. mūlāni cha phālāni cha yat yatra nāsti sarvata hārāpitāni cha ropāpitāni cha [.]
8. paṃthesu kupā cha khānāpitā vracchā cha, ropāpitā paribhogāya pasumanusānaṃ [.] (Edicts of King Aśoka: A New Vision – Meena Talim)
 
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ အောင်မြင် အုပ်စိုးတော်မူရာ နိုင်ငံတော်တွင်း အရပ် အားလုံး၌ကဲ့သို့, ထို့အတူ အောင်မြင်စိုးပိုင်သည့် နယ်စွန် အတွင်း၌ ပါဝင်ကုန်သော စောဠတိုင်း, ပံဒျုတိုင်း, သတျ-ပုင်္တြတိုင်း, တမ္ဗပဏ္ဏိတိုင်း အထိ၎င်း, အံတိယောဂအမည်ရှိသော ယောနကမင်းနှင့်တကွ ထိုမင်း၏ လက်အောက်ဖြစ်ကုန်သော သမန္တရာဇ် မင်းတပါးတို့ နိုင်ငံ၌၄င်း, အလုံးစုံသော ဤတိုင်းနိုင်ငံဒေသတို့၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် လူဆေးကုဆရာ, တိရိစ္ဆာန်ဆေးကုဆရာ ဟု ဤသို့ ၂မျိုး ၂စားသော ဆေးဆရာတို့ကို တည်ထောင်ထားရှိတော်မူအပ်ကုန်၏။
ထို့ပြင် လူတို့အား၎င်း, တီရစ္ဆာန် သား-ငှက်တို့အား၎င်း အသုံးဝင်သော ဆေးပင်-၀ါးပင်တို့ကိုလည်း ထိုထို မရှိ-ကင်းမဲ့ရာ အရပ်တိုင်း၌ ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ဤအတူလျှင် မရှိ-ခေါင်းပါးသော အရပ်-ဒေသတိုင်း၌ သစ်မြစ်-သစ်ဥနှင့် သစ်သီးပင်တို့ကိုလည်း ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ထိုမှတပါးလည်း ထိုထို ခရီးလမ်းတို့၌ သား-ငှက် တိရစ္ဆာန်နှင့် ခရီးသွားသူ လူတို့ နားခိုမှီဝဲ-သုံးဆောင်စေရန် သစ်ပင်အစားစား စိုက်ပျိုးထားရှိစေ၍ ရေတွင်းရေကန်တို့ကိုလည်း တူး-ဆယ် တည်ထားစေအပ်ကုန်၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စ၀ံသ)

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ နိုင်ငံတော် အတွင်း အရပ်ရပ်တို့၌၄င်း နိုင်ငံတော်၏ အစွန်အပ စောဋ(စောဠ) ပံဒိယ(ပံဏ္ဍျ) သာတိယာပုတ, ကေလလပုတ, တံဗပံနိ(တဗ္ဗပဏ္ဏိ) အံတိယောဂ(အန္တိယောက) အမည်တော်ရှိသော ယောနမင်းနှင့် ထိုမင်း၏ ပတ်ဝန်းကျင် အခြားမင်းတို့၏ တိုင်းများအတွင်း အရပ်ရပ်တို့၌၄င်း၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် လူတို့အား ကုစားခြင်း တိရစ္ဆာန်တို့အား ကုစားခြင်းဟူသော ဆေးကုစားခြင်း နှစ်မျိုးကို တည်ထားတော်မူ၏။
လူတို့အဖို့၎င်း၊ တိရစ္ဆာန်တို့အဖို့၎င်း အသုံးဝင်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို့ ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။ ထိုနည်းတူစွာ သစ်မြစ်သစ်သီးတို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။
လူနှင့်တိရစ္ဆာန်တို့ သုံးဆောင်စိမ့်သောငှာ၊ လမ်းတို့၌ သစ်ပင်တို့ကို စိုက်စေ၍ ရေတွင်းတို့ကိုလည်း တူးစေ၏။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

ဒေ၀ါနံပိယ ပိယဒသီမင်း၏ နိုင်ငံအတွင်း အရပ်-ဒေသအားလုံးတို့၌၄င်း၊ အပြင်အပ ဖြစ်သော စောဠ, ပဏ္ဍယ, သတိယပုတ, ကေရလပုတ, တမ္ဗပဏ္ဏိ, အန္တိယောဂမည်သော ယောနမင်းတို့၏ တိုင်းပြည်များ အတွင်း၌၄င်း ဒေ၀ါနပိယ ပိယဒသီမင်းသည် လူနှင့်တိရစ္ဆာန်တို့အတွက် ဆေးကုဌာန နှစ်မျိုးထား၏။ လူ, တိရစ္ဆာန်နှင့် သင့်လျော်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ ဤအတူ သစ်မြစ်သစ်သီးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ လမ်းခရီးတို့၌ တိရစ္ဆာန်နှင့်လူတို့ သုံးဆောင်ရန် သစ်ပင်တို့ကို စိုက်ပျိုးစေရန် ရေတွင်းတို့ကို တူးစေ၏။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော် -ဦးသော်ဇင်)

Everywhere within the dominion of His Sacred and Gracious Majesty the King, and likewise among the frontages such as the Cholas, Pāṇḍyas, the Sativaputra, the Keralaputra, what is (known as) Tāmraparṇī, the Greek King, Antiochos, and those kings, too who are the neighbors of that Antiochos—everewhere have been instituted by His Sacred and Gracious Majesty the King two kinds of medical treatment—medical treatment of man and medical treatment of beast. Medical herbs also, those wholesome for man and wholesome for beast, have been caused to be imported and to be planted in all places wherever they did not exist.
Roots also, and fruits, have been caused to be imported and to be planted everywhere wherever they did not exist. On the roads, well also have been caused to be dug and trees caused to be planted for the enjoyment of man and beast. (Asoka - R.K. Mookerji)

Everywhere in the empire of the Beloved of the Gods, the king Piyadassi, and even in the lands on its frontiers, those of Coḷas, Pāṇḍyas, Satyāputras, Keralaputras, and as far as Ceylon, and of the Greek king named Antiochus and of those kings who are neighbours of that Antiochus, everywhere the two medical services of the Beloved of the Gods, the king Piyadassi, have been provided. These consist of the medical care of man and the care of animals. Medicinal herbs whether useful to man or to beast, have been brought and planted wherever they did not grow; similarly, roots and fruits have been brought and planted wherever they did not grow. Along the roads wells have been dug and trees planted for the use of men and beasts. (Aśoka and the decline of the Mauryas - Romila Thapar)

Everywhere in the Empire of King Priyadarsi, the Beloved of the Gods, and similarly in the bodering Kingdoms, such as the Colas, the Pāṇḍyas, the Satiyaputra, the Keralaputra, upto Tāmraparṇi (river), the Yavana (Greek) King Antiochos and those who are the neighbors of Antiochos everywhere has King Priyadarsi, the Beloved of the Gods, provided medical treatment two kinds, medical treatment for men and medical treatment for animals. Medical herbs also which were useful for men and animals, have been caused to be imported and planted wherever they are not found. Roots and fruits, also, have been caused to be imported and planted wherever they were not found. On the roads, wells have been caused to be dug and trees caused to be planted for the enjoyment of men and animals. (Inscriptions of Asoka - N. P. Rastogi)

1. Everywhere in the land which has been conquered by King Devānaṃppiya Piyasassi
2. and likewise among his borders, such as the Choḷas, the Pāṇḍyas, the Satiyaputtās, the Ketalaputtās, even
3. Taṃbapaṇṇī, the Yona King Aṅtiyaka and the neighbourhood of Aṅtiyaka, everywhere the king.
4. Devānaṃppiya Piyadassi has established two kinds of medicals treatments.
5. One is medical treatment for men and the other is a medical treatment of animals.
6. Wherever there are no medicines available (which are) beneficial to men and animals, they should be brought and even planted.
7. Wherever there are no roots or fruits available, they should be all brought and planted.
8. On the roads wells should be dug, trees should be planted for the use of animals and men. (Edicts of King Aśoka: A New Vision – Meena Talim)

Monday, 19 May 2014

Major Rock Edict of Asoka (1)


၁။ဣယံ ဓမ္မလိပိ ဒေ၀ါနံ ပိယေနာ ပိယဒသိနာ လေခိတာ။ ဟိဒါ နာကိဆိ ဇိဝေ အာလဘိတု ပဇောဟိတ၀ိယေ။
၂။ နော ပိ စာ သမာဇေ ကဋ၀ိယေ။ ဗဟုကာ ဟိ ဒေါသာ သမာဇသာ ဒေ၀ါနံ ပိယေ ပိယဒသီ လာဇာ ဒခတိ။ အထိ ပိ စာ ဧကတိယာ သမာဇ သာဓုမတာ ဒေ၀ါနံ ပိယသာ ပိယဒသိသာ လာဇိနေ။
၃။ ပုလေ မဟာနသသိ ဒေ၀ါနံ ပိယသာ ပိယဒသိသာ လာဇိနေ အနုဒိဝသံ ဗဟုနိ ပါနသဟသာနိ အာလဘိယိသု သုပဌာယေ။ သေ ဣဒါနိ ယဒါ ဣယံ ဓံမလိပိ လေခိတာ တဒါ တိံနိ ယေ၀ါ ပါနာနိ အာလဘိယံတိ။
၎။ ဒုဝေ မဇုလာ ဧကေ မိဂေ။ သေ ပိ စ မိဂေ နော ဓုဝေ။ ဧတာနိ ပိ စ တိနိ ပါနာနိ နော အာလဘိယိသံတိ။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

1. Iyaṃ dhammalipi Devānaṃpriyena
2. Priyadasina rāñā lekhāpitā [.] idha na kiṃ-
3. chi jivaṃ ārabhitpā prajuhitavyaṃ [.]
4. na cha samājo katavyo [.] bahukaṃ hi dosaṃ
5. Samājamhi pasati Devānaṃpriyo Priyadasirājā [.]
6. asti pi tu ekachā samājā sā dhumatā Devānaṃ-
7. Priyasa Priyadasino rāño [.] purā mahānasmhi
8. Devānaṃpriyasa Priyadasino rāño anudivasaṃ ba-
9. hūni prāṇisata Sahasrāni ārabhisu supāthāya [.]
10. se aja yadā a yaṃ Dhamma-lopi likhitā eva Prā-
11. ṇā ārabhare supāthāya dvo morā eko mago so pi
12. mago no druvo [.] ete pi tri prāṇā pacchāna arabhisare- (Edicts of King Aśoka: A New Vision – Meena Talim)

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် ဤမည်သော တရားစာတော်ကို (ဤ ခပိံဂလတောင်ထက်၌) ရေးသား တည်ထား စေတော်မူအပ်သည်၊ ဤဒိုင်နယ် ဒေသ-ပတ်ဝန်းကျင်၌ တစုံ-တခုသော သား-ငှက်တိရိစ္ဆာန် သတ္တ၀ါကိုမျှ သတ်ဖြတ်၍ ယစ်မပူဇော်ရ၊ ထို့ပြင် (အပျော်ပွဲး, ယစ်ပူဇော်ပွဲး, နတ်ကပွဲး စသော) ပွဲးလမ်း သဘင်များကိုလည်း မခင်းကျင်းရ၊ သို့တားမြစ်ပိတ်ပင်ရကြောင်းကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် တရားဥာဏ်ဖြင့် ကြည့်ရှုဆင်ခြင်၍့  ပွဲးလမ်းသဘင်၌ အပြစ်များးစွာ မြင်တော်မူရ၏၊ စိစစ် ခြွင်းချန်ဖွယ်ကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး၏ ကောင်း၏ဟု အရေးတယူ သတ်မှတ်တော်မူအပ်သော (ဘုရားပူဇော်ပွဲး, ကျောင်းပူဇော်ပွဲး စသော) အချို့အချို့သော ပွဲးသဘင်များကား ရှိပေသေ၏။ (ထိုသို့သော ကုသိုလ်ရေး ပွဲးများကို မတားမြစ် ဟူလို၊) ဤတရားစာတော်ကို မရေးသားမီ, ရှေးအခါကာလ၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ စားတော်ချက်အိမ်တော်၌ ပွဲးတော် ဟင်းလျာ အလို့ငှါ ထောင်ပေါင်းများစွာသော သားငှက်သတ္တ၀ါတို့ နေ့စဉ်နေ့တိုင်း သတ်ဖြတ် သေကြေကြကုန်ပြီ၊ ဤယခု တရားစာတော် ရေးသားထားရှိပြီး အခါမှာကား ဦးဒေါင်းငှက် ၂ကောင်, သမင်တကောင်, ဤ၃ကောင်သော သားငှက်တို့သာ သတ်ဖြတ် သေကြရကုန်၏၊ စိစစ်ပြန်လျှင်, ထိုသတ္တ၀ါ ၃ကောင်တို့အနက် သားသမင်မှာ အမြဲး-မဟုတ်, ဦးဒေါင်း ၂ကောင်သာ အမြဲး ဖြစ်ကုန်သည်၊ စင်စစ်တမူကား ထိုသားငှက်တို့သည်မျှလည်း နောက်သောအခါ မသတ်ဖြတ် မသေကြေ ဖြစ်ကုန်လိမ့်သတည်း။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စ၀ံသ)

၁။ ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ရေးထိုးစေ၏။ ဤအရပ်၌ မည်သည့်အသက်ကိုမျှ သတ်၍ ယာဇ် မပူဇော်ရ။
၂။ ပွဲတို့ကိုလည်း မကျင်းပရ။ အချို့ပွဲတို့၌ အကျိုးရှိသော်လည်း နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် ပွဲတို့၌ များစွာသော အပြစ်တို့ကို မြင်၏။
၃၊၄။ ရှေး၌ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ စဖိုအိမ်၌ နေ့စဉ် ထောင်ပေါင်းများစွာသော အသက်တို့ကို ဟင်းလျာ အလို့ငှာ သတ်ကုန်၏။ သို့ရာတွင် ယခု ဤတရားကဗျည်းကို ရေးစေပြီးနောက် ဥဒေါင်း နှစ်ကောင်နှင့် သမင် တကောင် သုံးကောင်သော သတ္တ၀ါတို့ကို သာလျှင် သတ်ကုန်၏။ ထိုအနက်လည်း သမင်ကို နေ့စဉ် မဟုတ်။ ဤသုံးကောင်သော သတ္တ၀ါတို့ကိုပင် မသတ်ကြရကုန်လတံ့။ (အသောကကျောက်စာများ-ဦးဖိုးလတ်)
 
ဒေ၀ါနံပိယ ပိယဒသီမင်းသည် ဤတရားစာကို ရေးစေ၏။ ဤအရပ်၌ မည်သည့်သတ္တ၀ါကိုမျှ သတ်ဖြတ်၍ ယဇ်မပူဇော်ရ။ ပွဲသဘင်လည်း မကျင်းပရ။ ဒေ၀ါနံပိယ ပိယဒသီမင်းသည် ပွဲသဘင်တို့၌ အပြစ်များစွာမြင်၏။ ထိုတွင် အချို့သော ပွဲသဘင်တို့ကိုကား ဒေ၀ါနံပိယ ပိယဒသီမင်းသည် ကောင်း၏ဟု သတ်မှတ်၏။
ရှေးအခါက ဒေ၀ါနံပိယ ပိယဒသီမင်း၏ စဖိုဆောင်၌ နေ့တိုင်းဟင်းလျာအတွက် သတ္တ၀ါထောင်ပေါင်းများစွာတို့ကို  သတ်ဖြတ်ကြ၏။ ဤတရားစာကို ရေးပြီးသောအခါ ဥဒေါင်းနှစ်ကောင် သမင်တကောင် ဤသုံးကောင်ကိုသာ သတ်ရ၏။ ထိုတွင်လည်း သမင်မှာ အမြဲမဟုတ်၊ နောင်သောအခါ ထိုသုံးကောင်ကိုပင် သတ်ကြရမည် မဟုတ်။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော် - ဦးသော်ဇင်)
 
This religious edict has been caused to be inscribed by His Sacred and Gracious Majesty.
Here not a single living creature should not be slaughtered and sacrificed. Nor should any Samaja be held. For His Sacred and Gracious Majesty sees much objection in such samaja. But there are also certain varieties of same which are considered commendable by His Sacred and Gracious Majesty.
Formerly in the kitchen of His Sacred and Gracious Majesty, daily many hundred thousands of living creatures were slaughtered for purposes of curries. But now when this religious edict is being inscribed, only three living creatures are slaughtered, two peacocks and one deer, and the deer, too, not regularly. Even these three living creatures afterwards shall not be slaughtered. (Asoka - R.K. Mookerji)

The Beloved of the Gods, Piyadassi the king, has had this inscription on Dhamma engraved. Here, no living thing having been killed, is to be sacrificed; no is the holding of a festival permitted. For the Beloved of the Gods, the king Piyadassi, see much evil in festivals, thought there are some of which the Beloved of the Gods, the king Piyadassi, approves.
Formerly in the kitchen of the Beloved of the Gods, the king Piyadassi, many hundreds of thousands of living animals were killed daily for meat. But now, at the time of writing this inscription on Dhamma, only three animals are killed, two peacocks and a deer, and the deer not invariably. Even these three animals will not be killed in future. (Aśoka and the decline of the Mauryas – Romila Thapar)

This religous edict has been caused to be inscribed by King Priyadarsi, the Beloved of the Gods. Here not a single living being should be killed and offered as sacrifice; nor should any Samaja be held; for King Priyadarsi, perceives many evils in such Samaja. There are, however, certain Samaja, which are regarded commendable by King Priyadarsi, the Beloved of the Gods. Formerly in the kitchen of King Priyadarsi many hundreds of thousands of living beings were everyday killed for (preparing) dishes. But now when this religious edict is being caused to be inscribed, only three living beings are killed, two peacocks and one antelope, and that antelope, too, not regularly. Even these three beings shall not be killed in future. (Inscriptions of Asoka- N. P. Rastogi)

1. This religious scripture has been caused to be written by
2. King Devānappiya Piyatassi
3. Here no living being should be killed, even for sacrifice.
4. No festive gatherings should be held.
5. King Devānaṃppiya Piyaatassi sees many defects (evil) in such gatherings.
6. However, Devānaṃppiya Piyaatassi considers that some such gathering are meritorious.
7. Formerly in the kitchen of King Devānaṃppiya
8. Piyaatassi many hundred thousands of animals
9. were killed daily for the sake of curry.
10. But now, today, when this scripture is being written
11. only two peacocks and one deer are being killed.
12. But even this way (of killing) is not permanent. These three creatures will not be killed in future. (Edicts of King Aśoka: A New Vision – Meena Talim)

Tuesday, 13 May 2014

Dhammapariyāya Foundation Online

Dhammapariyāya Foundation Online Database is launched on Full Moon Day of Kason - Vesak Day (13/05/2014).
Please Like and follow our updates on Facebook Page >>> Click here