Wednesday, 21 May 2014

Major Rock Edict of Asoka (2)


၁။ သ၀တ ၀ိဇိတသိ ဒေ၀ါနံ ပိယသာ ပိယ ဒသိသာ လာဇိနေ ယေ စ အံတာ အထာ စောဍာ ပံဍိယာ သာတိယပုတော ကေလလ ပုတော တံဗပံနိ။
၂။ အံတိယောဂေ နာမ ယောနလာဇာ ယေ စာ အံနေ တသာ အံတိယောဂသာ သာမံတာ လာဇာနော သ၀တာ ဒေ၀ါနံ ပိယသာ ပိယဒသိသာ လာဇိနေ ဒုဝေ စိကိသကာ ကဋာ မနုသစိကိသာ စာ ပသုစိကိသာ စာ။ သြသဓာနိ မနုသောပဂါနိ စာ ပသောပဂါနိ စ အတတာ နထိ။
၃။ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ ဧ၀မေ၀ါ မုလာနိ စာ ဖလာနိ စာ အတတာ နထိ သ၀တာ ဟာလာပိတာ စာ လောပါပိတာ စာ။ မဂေသု လုခါနိ လောပိတာနိ ဥဒုပါနာနိ စာ ခါနာပိတာနိ ပဋိဘောဂါယေ ပသုမုနိသာနံ။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

1. Sarvata vijitamhi Devānaṃpriyasa rāñā
2. evamapi prachaṃtsu yathā Choḍā Pāḍā Satiyaputo Ketalputo ā Taṃba
3. paṇṇi Aṃtiyako Yonarājā ye vā pi Aṃtiyakasa sāmīpam
4. rājāno sarvatra Devānaṃpriyasa Priyadasino rāño dve Chikichhā kata
5. manusa chikichhā cha pusu-chikichhā cha [.] Osuḍgāni cha yāni manusopagāni cha
6. Pasopagāni cha yata yata nāsti Sarvatra hārāpitāni cha ropāpitāni cha [.]
7. mūlāni cha phālāni cha yat yatra nāsti sarvata hārāpitāni cha ropāpitāni cha [.]
8. paṃthesu kupā cha khānāpitā vracchā cha, ropāpitā paribhogāya pasumanusānaṃ [.] (Edicts of King Aśoka: A New Vision – Meena Talim)
 
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ အောင်မြင် အုပ်စိုးတော်မူရာ နိုင်ငံတော်တွင်း အရပ် အားလုံး၌ကဲ့သို့, ထို့အတူ အောင်မြင်စိုးပိုင်သည့် နယ်စွန် အတွင်း၌ ပါဝင်ကုန်သော စောဠတိုင်း, ပံဒျုတိုင်း, သတျ-ပုင်္တြတိုင်း, တမ္ဗပဏ္ဏိတိုင်း အထိ၎င်း, အံတိယောဂအမည်ရှိသော ယောနကမင်းနှင့်တကွ ထိုမင်း၏ လက်အောက်ဖြစ်ကုန်သော သမန္တရာဇ် မင်းတပါးတို့ နိုင်ငံ၌၄င်း, အလုံးစုံသော ဤတိုင်းနိုင်ငံဒေသတို့၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ၀ှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် လူဆေးကုဆရာ, တိရိစ္ဆာန်ဆေးကုဆရာ ဟု ဤသို့ ၂မျိုး ၂စားသော ဆေးဆရာတို့ကို တည်ထောင်ထားရှိတော်မူအပ်ကုန်၏။
ထို့ပြင် လူတို့အား၎င်း, တီရစ္ဆာန် သား-ငှက်တို့အား၎င်း အသုံးဝင်သော ဆေးပင်-၀ါးပင်တို့ကိုလည်း ထိုထို မရှိ-ကင်းမဲ့ရာ အရပ်တိုင်း၌ ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ဤအတူလျှင် မရှိ-ခေါင်းပါးသော အရပ်-ဒေသတိုင်း၌ သစ်မြစ်-သစ်ဥနှင့် သစ်သီးပင်တို့ကိုလည်း ဆောင်ယူ စိုက်ပျိုးစေအပ်ကုန်၏။ ထိုမှတပါးလည်း ထိုထို ခရီးလမ်းတို့၌ သား-ငှက် တိရစ္ဆာန်နှင့် ခရီးသွားသူ လူတို့ နားခိုမှီဝဲ-သုံးဆောင်စေရန် သစ်ပင်အစားစား စိုက်ပျိုးထားရှိစေ၍ ရေတွင်းရေကန်တို့ကိုလည်း တူး-ဆယ် တည်ထားစေအပ်ကုန်၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စ၀ံသ)

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ နိုင်ငံတော် အတွင်း အရပ်ရပ်တို့၌၄င်း နိုင်ငံတော်၏ အစွန်အပ စောဋ(စောဠ) ပံဒိယ(ပံဏ္ဍျ) သာတိယာပုတ, ကေလလပုတ, တံဗပံနိ(တဗ္ဗပဏ္ဏိ) အံတိယောဂ(အန္တိယောက) အမည်တော်ရှိသော ယောနမင်းနှင့် ထိုမင်း၏ ပတ်ဝန်းကျင် အခြားမင်းတို့၏ တိုင်းများအတွင်း အရပ်ရပ်တို့၌၄င်း၊ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် လူတို့အား ကုစားခြင်း တိရစ္ဆာန်တို့အား ကုစားခြင်းဟူသော ဆေးကုစားခြင်း နှစ်မျိုးကို တည်ထားတော်မူ၏။
လူတို့အဖို့၎င်း၊ တိရစ္ဆာန်တို့အဖို့၎င်း အသုံးဝင်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို့ ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။ ထိုနည်းတူစွာ သစ်မြစ်သစ်သီးတို့ကိုလည်း မရှိသေးသော အရပ်တိုင်းတို့သို ယူဆောင်စေ၏။ စိုက်ပျိုးစေ၏။
လူနှင့်တိရစ္ဆာန်တို့ သုံးဆောင်စိမ့်သောငှာ၊ လမ်းတို့၌ သစ်ပင်တို့ကို စိုက်စေ၍ ရေတွင်းတို့ကိုလည်း တူးစေ၏။ (အသောကကျောက်စာများ - ဦးဖိုးလတ်)

ဒေ၀ါနံပိယ ပိယဒသီမင်း၏ နိုင်ငံအတွင်း အရပ်-ဒေသအားလုံးတို့၌၄င်း၊ အပြင်အပ ဖြစ်သော စောဠ, ပဏ္ဍယ, သတိယပုတ, ကေရလပုတ, တမ္ဗပဏ္ဏိ, အန္တိယောဂမည်သော ယောနမင်းတို့၏ တိုင်းပြည်များ အတွင်း၌၄င်း ဒေ၀ါနပိယ ပိယဒသီမင်းသည် လူနှင့်တိရစ္ဆာန်တို့အတွက် ဆေးကုဌာန နှစ်မျိုးထား၏။ လူ, တိရစ္ဆာန်နှင့် သင့်လျော်သော ဆေးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ ဤအတူ သစ်မြစ်သစ်သီးပင်တို့ကိုလည်း မရှိသေးသော အရပ်ဒေသသို့ ယူဆောင်စိုက်ပျိုးစေ၏။ လမ်းခရီးတို့၌ တိရစ္ဆာန်နှင့်လူတို့ သုံးဆောင်ရန် သစ်ပင်တို့ကို စိုက်ပျိုးစေရန် ရေတွင်းတို့ကို တူးစေ၏။ (သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော် -ဦးသော်ဇင်)

Everywhere within the dominion of His Sacred and Gracious Majesty the King, and likewise among the frontages such as the Cholas, Pāṇḍyas, the Sativaputra, the Keralaputra, what is (known as) Tāmraparṇī, the Greek King, Antiochos, and those kings, too who are the neighbors of that Antiochos—everewhere have been instituted by His Sacred and Gracious Majesty the King two kinds of medical treatment—medical treatment of man and medical treatment of beast. Medical herbs also, those wholesome for man and wholesome for beast, have been caused to be imported and to be planted in all places wherever they did not exist.
Roots also, and fruits, have been caused to be imported and to be planted everywhere wherever they did not exist. On the roads, well also have been caused to be dug and trees caused to be planted for the enjoyment of man and beast. (Asoka - R.K. Mookerji)

Everywhere in the empire of the Beloved of the Gods, the king Piyadassi, and even in the lands on its frontiers, those of Coḷas, Pāṇḍyas, Satyāputras, Keralaputras, and as far as Ceylon, and of the Greek king named Antiochus and of those kings who are neighbours of that Antiochus, everywhere the two medical services of the Beloved of the Gods, the king Piyadassi, have been provided. These consist of the medical care of man and the care of animals. Medicinal herbs whether useful to man or to beast, have been brought and planted wherever they did not grow; similarly, roots and fruits have been brought and planted wherever they did not grow. Along the roads wells have been dug and trees planted for the use of men and beasts. (Aśoka and the decline of the Mauryas - Romila Thapar)

Everywhere in the Empire of King Priyadarsi, the Beloved of the Gods, and similarly in the bodering Kingdoms, such as the Colas, the Pāṇḍyas, the Satiyaputra, the Keralaputra, upto Tāmraparṇi (river), the Yavana (Greek) King Antiochos and those who are the neighbors of Antiochos everywhere has King Priyadarsi, the Beloved of the Gods, provided medical treatment two kinds, medical treatment for men and medical treatment for animals. Medical herbs also which were useful for men and animals, have been caused to be imported and planted wherever they are not found. Roots and fruits, also, have been caused to be imported and planted wherever they were not found. On the roads, wells have been caused to be dug and trees caused to be planted for the enjoyment of men and animals. (Inscriptions of Asoka - N. P. Rastogi)

1. Everywhere in the land which has been conquered by King Devānaṃppiya Piyasassi
2. and likewise among his borders, such as the Choḷas, the Pāṇḍyas, the Satiyaputtās, the Ketalaputtās, even
3. Taṃbapaṇṇī, the Yona King Aṅtiyaka and the neighbourhood of Aṅtiyaka, everywhere the king.
4. Devānaṃppiya Piyadassi has established two kinds of medicals treatments.
5. One is medical treatment for men and the other is a medical treatment of animals.
6. Wherever there are no medicines available (which are) beneficial to men and animals, they should be brought and even planted.
7. Wherever there are no roots or fruits available, they should be all brought and planted.
8. On the roads wells should be dug, trees should be planted for the use of animals and men. (Edicts of King Aśoka: A New Vision – Meena Talim)

No comments:

Post a Comment